လေးမိုင်၊ ဘဂုံးနားအုပ်စု သီဟိုဋ္ဌ်ခြံနဲ့ ရွှေတောင်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ အေအေတို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွါး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်၊ ဘဂုံးနားအုပ်စု သီဟိုဋ္ဌ်ခြံနဲ့ ရွှေတောင်ကျေးရွာအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွါးနေတယ်လို့ သိရပါတယ်။

ဇွန် ၅ ရက်၊ ဒီကနေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က စတင်ပြီး လေးမိုင်ရပ်ကွက် ဘဂုံးနားအုပ်စု သီဟိုဋ္ဌ်ခြံနဲ့ ရွှေတောင်ကျေးရွာအနီးဝန်းကျင်မှာ တပြိုင်နက် စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ အာရက္ခတပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေပါတယ်။

ထို့အတူ လေးမိုင်ရပ်ကွက် သာယာကုန်းကျေးရွာအနီးမှာ ဇွန် ၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီရဲ့ လေးမိုင်အခြေစိုက် နခခ (၂)တပ်ရင်းနဲ့ မြို့သူကြီးအခြေစိုက် နခခ (၅)ရဲတပ်ရင်းတွေကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Scroll to Top