ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံကို လတ်တလောထွက်ပြေးလာတဲ့ အရေးပေါ်အကူအညီလိုအပ်တဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေရှ့်ရဲ့ပံ့ပိုးကူညီမှုတွေနဲ့အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစတင်ပေးနေပြီဖြစ်တယ်လို့ UNHCR in Bangladesh ကပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အရေးပေါ် အသက်ကယ် အကူအညီတွေ တိုးမြှင့်ပေးဖို့ခွင့်ပြုခဲ့တယ်လို့ပြောပါတယ်။
UNHCR သည် ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း မကြာသေးမီက ရောက်ရှိလာခဲ့တဲ့ အများစုသော အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ထိခိုက်လွယ်တဲ့ မိသားစုတွေကို ဖော်ထုတ်ကူညီဖို့ အကြီးအကဲအနေနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အာဏာ ရရှိထားပါတယ်။ ဒီအခွင့်အရေးတွေနဲ့ အချက်အလက်တွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီတွေကို အရေးပေါ်အသက်ကယ်တင်ရေးအကူအညီများပေးဆောင်ဖို့ ကူညီပံ့ပိုးပေးမယ်လို့ UNHCR ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် ဆုမ်ဘုလ်ရိဇ်ဘိီကပြောပါတယ်။