462138683_565680602703222_8910814481417380857_n.jpg

ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)နဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)တို့ တပ်ဖွဲ့ ၂ ဖွဲ့ ပေါင်းစုတိုက်ပွဲနေဝင်တဲ့ အမှတ် (၈) စစ်ကြောင်းဟာ အညာဒေသ ကာလရာသီနဲ့ ကိုက်ညီတဲ့ ယူနီဖောင်းတွေနဲ့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ အမှတ်တရပုံရိပ်တွေကို အမှတ် (၈) စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

အမှတ် (၈) စစ်ကြောင်းကို ပင်နီစစ်ကြောင်းလို့ ဒေသခံလူထုတွေက ချစ်ခင်စွာခေါ်ဝေါ်ကြသလို အမှတ် ၈ စစ်ကြောင်းဟာ ပထမသက်တမ်းကာလမှာ လုံခြုံရေးကိုအထူးပြုပြီး စံပြစည်းမျဥ်းတွေနဲ့အတူ လျှို့ဝှက်သိုသိပ်စွာ စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ကြကာ ကျေးလက် မြို့ပြမှာပါ စစ်ကောင်စီတပ်ကို ထိုးနှက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် အမှတ် ၈ စစ်ကြောင်းအနေနဲ့ စစ်ဆင်ရေးတချို့ကို လူမှုကွန်ရက်စာနှာထက်မှာ ဖော်ပြဖို့ကို ဦးစားမပေးခဲ့ဘဲ လက်တွေ့အလုပ်တွေလုပ်ခဲ့ကြတာတွေရှိခဲ့ပြီး အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် စစ်သုံးစစ်ကို တတ်စွမ်းသမျှ အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ကြိုးပမ်းလျက်ရှိတယ်လို့ အမှတ်(၈)စစ်ကြောင်းက အသိပေးထားပါတယ်။

Scroll to Top