464593625_580117181259564_5831369280947599722_n.jpg

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမြောက်ပိုင်း ဒေလီဆရ်ဒန်ဒေသရှိ လာဘူးကမ်းခြေ အာဏာပိုင်တွေက ပင်လယ်ထဲ မျောနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၅၂ ယောက်ကို ကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။

ရိုဟင်ဂျာတွေ တင်ဆောင်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားက ထွက်လာတဲ့ စက်လှေဟာ အောက်တိုဘာ ၁၇ ရက်နေ့မှာ အာချေးပြည်နယ် ရေပိုင်နက်အတွင်း ရောက်ရှိခဲ့ပြီး တပတ်ကြာ ပင်လယ်ထဲမျောနေရာက လာဘူးခရိုင်အာဏာပိုင်တွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ မနက် ၄:၀၀ ဝန်းကျင်က ကယ်ဆယ်ခဲ့ပြီး နေရာထိုင်ခင်း စီစဥ်ပေးထားတယ်လို့ တာဝန်ရှိသူတဦးက အင်ဒိုသတင်းဌာနတွေကို ပြောထားပါတယ်။

လာဘူးခရိုင်ယာယီတည်းခိုရေးစခန်းမှာ ရိုဟင်ဂျာ အမျိုးသမီး ၆၂ ဦး၊ အမျိုးသား ၇၀ ဦးနဲ့ ကလေး ၂၀ တို့ကို နေရာချပေးထားတယ်လို့ သိရပါတယ်။

အင်ဒိုဒေသခံတွေဘက်က ရိုဟင်ဂျာတွေကို လက်မခံဖို့ ကန့်ကွက်ဆန္ဒပြနေတာတွေ ရှိနေပြီး အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာတွေ ဝင်ရောက်လာမှုက အဆက်မပြတ်ရှိနေတာကြောင့် အင်ဒိုအစိုးရနဲ့ UNHCR တို့က ညှိညှိနှိုင်းနှိုင်း ကိုင်တွယ်ကာ တခုခုလုပ်ပေးသင့်တယ်လို့ ခရိုင်အကြီးအကဲ အဇစ်ဇူရာဟာမန်က မီဒီယာတွေကို ပြောထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က အင်ဒိုနီးရှားအစိုးရကို မေတ္တာရပ်ခံပြီးနောက် ပင်လယ်ထဲ တပတ်ကြာ မျော်နေတဲ့ ရိုဟင်ဂျာတွေကို လာဘူးကမ်းခြေ အာဏာပိုင်က ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်

Scroll to Top