စစ်ဖက်ဆိုင်ရာအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့မှုအပေါ် အစ္စရေးကို လက်တုံ့ပြန်မယ်လို့ အီရန်ဘက်က ပြောကြားကြောင်း တီဟီရန်အခြေစိုက် Tasnim သတင်းစာက ဖော်ပြထားပါတယ်။
အစ္စရေးတိုက်ခိုက်မှုကြောင့် အီရန်တပ်ဖွဲ့ဝင် ၂ဦး သေဆုံးပြီး အနည်းအကျဥ်းသာ အပျက်အဆီး ရှိခဲ့တယ်လို့ အီရန်အာဏာပိုင်တွေက ပြောထားပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် တီဟီရန်မှာ ပေါက်ကွဲမှုတွေ ၅ နေရာထက်မနည်း ဖြစ်ပွားခဲ့ပြီး လေယဥ်ပျံသန်းမှု ခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့ရတယ်လို့ အီရန်မီဒီယာများက ဖော်ပြခဲ့ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်က တီဟီရန် အလယ်ပိုင်းက လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဖွင့်ခဲ့ပြီး အသင့်အနေအထား ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
အစ္စရေးရဲ့ အီရန်အပေါ် တိုက်ခိုက်မှုကို မလေးရှား၊ ဆော်ဒီအာရေဗီယားနဲ့ အိုမန်နိုင်ငံတို့က ကန့်ကွက်ကြောင်း ပြောထားပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်းကတော့ အစ္စရေးရဲ့ အီရန်အပေါ် တိုက်ခိုက်မှုအတွင်း သူတို့ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အီရန်ကျောထောက်နောက်ခံ အကြမ်းဖက်အဖွဲ့တွေ အမြစ်ပြတ်ရေးအတွက် အစ္စရေးက ကိုယ့်ကိုကိုယ် ကာကွယ်နေတာလို့ ပြောပါတယ်။
အီရန်အပေါ် တိုက်ခိုက်တဲ့ စစ်ဆင်ရေးကို အစ္စရေး၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး ယိုဘ် ဂါလန်တို့က အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန အဆောက်အုံကနေ တိုက်ရိုက်ညွှန်ကြားခဲ့တဲ့ ရုပ်သံတွေကို အစ္စရေးမီဒီယာတွေက ထုတ်ဖော်ပြသကြပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်အနေနဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတိုင်းကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ အီရန်စစ်တပ် ပြောခွင့်ရသူက ပြောကြားခဲ့ပါတယ်။