464514744_580029177935031_7298513871786380545_n.jpg

အစ္စရေးဒုံးကျည်တွေ ပစ်မှတ်ဆီ မရောက်အောင် ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် သတင်းထုတ်ပြန်ထားပါတယ်။

အစ္စရေးတိုက်ခိုက်မှုအတွင်း အီရန်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီး စစ်ဘက်ဆိုင်ရာအဆောက်အအုံအချို့ အနည်းငယ်ထိခိုက်မှုသာ ရှိခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က ဆိုပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၆ရက်နေ့ အစ္စရေးဘက်က လေယာဉ်အစင်း ရာချီသုံးပြီး အီရန်ရဲ့ စစ်လက်နက်ထုတ်လုပ်တဲ့နေရာတွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်က ပြောထားပါတယ်။ အစ္စရေးစစ်ဘက် ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ်ဒန်နီရယ်ဟာဂါရီက အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းထုတ်လုပ်ရေးအလုပ်ရုံတွေကို ချေမှုန်းခဲ့တယ်လို့ ပြောပေမယ့် အီရန်ဘက်ကတော့အနည်းငယ်သာ ပျက်စီးမှုရှိတယ်လို့ တုန့်ပြန်ထားပါတယ်။

Scroll to Top