ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အညာဒေသမှာ အခြေချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခက “ပြည်သူတွေကို အသိပေးချင်တာတခုက BPLA ဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။” လို့ သူ့ရဲ့ ဖေ့ဘုတ်လူမှုကွန်ရက် စာမျက်နှာကနေ အသိပေးထားပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကို ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်ကြွလှုပ်ရှားခဲ့ ကဗျာဆရာ မောင်ဆောင်းခ အပါအဝင် ၁၇ဦးက ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း၊ ဒုတိယပိုင်းတို့မှာ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူတူပါဝင်ခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။