ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးကာလ တစ်နှစ်တာအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၅၀ ကျော်နဲ့ မြို့ပေါင်း ၁၂ မြို့ကို တအာင်းတပ်မတော် TNLA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ TNLA သတင်းထုတ်ပြန်ရေး ထုတ်ပြန်ချက်အရ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ စတင်ခဲ့ပြီး တစ်နှစ်တာ ကာလအတွင်းမှာ အဖက်ဖက်က ပူးပေါင်းလုပ်ဆောင်မှုတွေနဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်းတွေ အပါအဝင် တပ်
စခန်းပေါင်း ၁၅၀ ကျော်နဲ့ မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တာအတွင်း နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနဲ့ သီပေါမြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့အပြင် ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁ လက်အောက်ခံ တပ်ရင်း ၁၀ ရင်းလုံးကိုလည်း အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။