465057418_582897514314864_3211095392432780713_n.jpg

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး မုတ်သုံ၊ ဗိုလ်မှူးတင်ဝင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်မှု၊ လူကုန်ကူးမှု၊ အွန်လိုင်း ကျားဖြန့် ငွေလိမ်လည်မှု၊ စစ်ကောင်စီအတွက် တပ်သားအသစ် စုဆောင်းပေးမှုနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့အတွက် ဥရောပသမဂ္ဂ(အီးယူ) ဗြိတိန်နဲ့ ကနေဒါတို့က အရေးယူ ပိတ်ဆို့လိုက်တယ်လို့ ထုတ်ပြန်ချက်တွေထဲ ဖော်ပြထားပါတယ်။

စောချစ်သူဟာ ချစ်လင်းမြိုင်အမည်နဲ့ ကုမ္ပဏီကို ပိုင်ဆိုင်ပြီး ထိုင်း မြန်မာနယ်စပ်က ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအတွက် လူကုန်ကူးမှုနဲ့ ငွေကြေးခဝါချမှုတွေကို လုပ်ကိုင်ပေးနေတာလို့ သိရပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နဲ့ ထိုင်းနယ်စပ်အနီးက ရွှေကုက္ကိုဒေသကို ထိန်းချုပ်ထားတဲ့ စောချစ်သူတို့ ကရင်နယ်ခြားစောင့်အုပ်စုဟာ စစ်ကောင်စီရဲ့ အပေါင်းအပါတွေဖြစ်သလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုတွေကြောင့် အခုလို ပိတ်ဆို့ရတာလို့ ဥရောပသမဂ္ဂ(အီးယူ) ဗြိတိန်နဲ့ ကနေဒါတို့က ထုတ်ပြန်ထားပါတယ်။

Scroll to Top