စပိန်နိုင်ငံသည် အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကိုခံနေရပြီး အနည်းဆုံး လူ ၁၅၈ ဦး သေဆုံးကာ ဒါဇင်နဲ့ချီတဲ့ လူပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဗလင်စီယာမြို့အနီး ဗုဒ္ဓဟူးနေ့က ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ တစ်နှစ်ပတ်လုံးရွာသွန်မှုထက် ပိုခဲ့ပြီး ရုတ်တရက်ဆိုသလို ရေကြီးရေလျှံမှုများ ဖြစ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
လတ်တလော သေဆုံးသူ ၁၅၀ကျော်ရဲ့ အချက်အလက်တွေကို အတည်ပြုနိုင်ပြီး ရာနဲ့ချီပျောက်ဆုံးမှုတွေလည်း ရှိနေကာ ရေလွှမ်းမိုးမှုကြောင့် အရေးအပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာတွက် အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။
စပိန်ဝန်ကြီးချုပ် Pedro Sánchez က အရေးပေါ်အခြေအနေ မပြီးဆုံးသေးကြောင်း ရေဘေးသင့် ဒေသများက ဒေသခံများကို အိမ်မှာပဲနေဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
စပိန်နိုင်ငံတွင် မိုးသွန်းမှုတွေ ထပ်မံဖြစ်လာနိုင်တာမို့ ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။