465442519_585038097434139_6701679598346456619_n.jpg

မြန်မာအမျိုးသမီးတွေကို တရုတ်မယားအဖြစ် လူကုန်ကူးနေတဲ့ ဂိုဏ်းကို မန္တလေးမြို့မှာ ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထိုင်းနိုင်ငံကို ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ တရုတ်နိုင်ငံသား ကောင်းဖိန်းရင်နဲ့အတူ မြန်မာအမျိုးသမီးငယ် ၃ ဦးကို ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက်နေ့က ဖမ်းဆီးရမိပြီးနောက် ကွင်းဆက်တွေဖြစ်တဲ့ လူကုန်ကူးမှုဂိုဏ်းဖွဲ့ ကျူးလွန်သူ တရုတ်နိုင်ငံသား ၃ ဦး အပါအဝင် ၆ ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

တရုတ်မယားအဖြစ် လူကုန်ကူးတဲ့ဂိုဏ်းဝင်တွေကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ တို့နဲ့ အမှုဖွင့်ထားတယ်လို့ ယနေ့ထုတ် စစ်ကောင်စီလက်အောက်ခံသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

တရုတ်မယားလူမှောင်အဖြစ် နာမည်ကျော်ကြားတဲ့ မားမား (ခ) ဒေါ်နန်းဆိုင်ခမ်းကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တဲ့ ဖော်ပြထားပါတယ်။ လူမှောင်ခိုမားမားရဲ့ အဖွဲ့ထဲက လွတ်မြောက်နေတဲ့ လူပွဲစားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားတွေအတွက် ဇနီးမယားလုပ်ပေးဖို့ မြန်မာအမျိုးသမီးတွေကို လူကုန်ကူးနေတဲ့ အဖွဲ့အစည်းအများအပြားရှိနေပြီး တရုတ်မယားလုပ်ဖို့ သွေးဆောင်တဲ့ ကြော်ငြာတွေကိုလည်း လူမှုကွန်ရက်တွေပေါ်ကနေတဆင့် ပေါ်ပေါ်ထင်ထင် ကြော်ငြာလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

Scroll to Top