AEN-News Team

465357034_585155167422432_1088801433670744095_n.jpg

သတင်းသမားတွေအပေါ် ထောက်ခံပံပို့ကာကွယ်မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ကတိပြု

ပြည်ထောင်စုအမျိုးသားညီညွတ်ရေးအစိုးရက အမှန်တရားအတွက် အသက်ကိုပဓာနမထားပဲ အကြမ်းဖက် စစ်အုပ်စုရဲ့ နှိပ်စက်မှုတွေကို အဆုံးစွန် အံတုရင် သတင်းမှန်တွေကို ပြည်သူလက်ဝယ် ကြိုးစား အရောက်ပို့ပေး​နေသော ကမ္ဘာတဝန်းနဲ့ မြန်မာနိုင်ငံက သတင်းသမားတွေအားလုံးနဲ့အတူ ခိုင်ခိုင်မြဲမြဲ ရပ်တည်နေတယ်ဆိုတာကို သတင်းသမားများအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ် ကင်းလွတ်ခွင့် အဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ အလေးအနက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ သတင်းသမားတွေက ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ ပစ်မှတ်တွေဖြစ်နေခဲ့ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကနေ ၂၀၂၄ အောက်တိုဘာ ၃၀ ရက်နေ့အထိ သတင်းသမား ၇၀ ကျော် အသတ်ခံရပြီး ၁၅၀ ကျော်ဖမ်းဆီး ညှင်းပမ်းနှိပ်စက်ခံခဲ့ရပါတယ်လို့ သုတေသနာပြု အချက်အလက်တွေအရ သိရှိရပါတယ်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် ၁၇၁ အဆင့်ထိ

သတင်းသမားတွေအပေါ် ထောက်ခံပံပို့ကာကွယ်မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ကတိပြု Read More »

465597416_585127997425149_3852397935350318692_n.jpg

မောင်တော နခခ-၅ စခန်းအနီးဝန်းကျင်ကို စစ်ကောင်စီလေကြောင်း ကနေ အပြင်းအထန် ဗုံးကြဲနေ

AA ဘက်က ပတ်လည် ဖြတ်တောက် ပိတ်ဆို့ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီရဲ့ တစ်ခုတည်းသော စစ်စခန်းဖြစ်တဲ့ မောင်တော နခခ-၅ မြို့သူကြီး နယ်ခြားစောင့်စခန်း အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအသုံးပြုပြီး အပြင်းအထန် တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဒီကနေ့ မနက် ၉:၀၀ ဝန်းကျင်နဲ့ နေ့လယ် ၃:၀၀ ခန့်အတွင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့အပြင်းအထန် ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။ ဗုံးပေါက်ကွဲမှုတွေကြောင့် မီးလောင်တဲ့ဖြစ်စဉ်တချို့ ရှိတယ်လို့ သိရပေမယ့် အသေးစိတ်ကိုတော့ လောလောဆယ်အထိ အတည်ပြုလို့ မရနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးအပတ်အတွင်း AA ဘက်က နခခ-၅ စခန်းကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်ပေမယ့် စစ်ကောင်စီဘက်က ထိုးစစ်ဆင်ရာ လမ်းကြောင်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိုးစစ်ကြောင်းက

မောင်တော နခခ-၅ စခန်းအနီးဝန်းကျင်ကို စစ်ကောင်စီလေကြောင်း ကနေ အပြင်းအထန် ဗုံးကြဲနေ Read More »

465442519_585038097434139_6701679598346456619_n.jpg

မြန်မာအမျိုးသမီးတွေကို တရုတ်မယားအဖြစ် လူကုန်ကူးတဲ့ ဂိုဏ်းကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်

မြန်မာအမျိုးသမီးတွေကို တရုတ်မယားအဖြစ် လူကုန်ကူးနေတဲ့ ဂိုဏ်းကို မန္တလေးမြို့မှာ ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထိုင်းနိုင်ငံကို ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ တရုတ်နိုင်ငံသား ကောင်းဖိန်းရင်နဲ့အတူ မြန်မာအမျိုးသမီးငယ် ၃ ဦးကို ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက်နေ့က ဖမ်းဆီးရမိပြီးနောက် ကွင်းဆက်တွေဖြစ်တဲ့ လူကုန်ကူးမှုဂိုဏ်းဖွဲ့ ကျူးလွန်သူ တရုတ်နိုင်ငံသား ၃ ဦး အပါအဝင် ၆ ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ တရုတ်မယားအဖြစ် လူကုန်ကူးတဲ့ဂိုဏ်းဝင်တွေကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ တို့နဲ့ အမှုဖွင့်ထားတယ်လို့ ယနေ့ထုတ် စစ်ကောင်စီလက်အောက်ခံသတင်းစာတွေမှာ ဖော်ပြထားပါတယ်။ တရုတ်မယားလူမှောင်အဖြစ် နာမည်ကျော်ကြားတဲ့ မားမား (ခ) ဒေါ်နန်းဆိုင်ခမ်းကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တဲ့ ဖော်ပြထားပါတယ်။ လူမှောင်ခိုမားမားရဲ့ အဖွဲ့ထဲက လွတ်မြောက်နေတဲ့

မြန်မာအမျိုးသမီးတွေကို တရုတ်မယားအဖြစ် လူကုန်ကူးတဲ့ ဂိုဏ်းကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန် Read More »

465267156_585026754101940_8495714189307221909_n-1.jpg

မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၈၀၀၀ ရုရှား ကာ့စ်မြို့အနီး တပ်စွဲထားပြီး ယူကရိန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေ

နိုင်ငံကို တိုက်ခိုက်မှုအတွင်း ပါဝင်ဖို့ အသင့်ပြင်ဆင်နေတယ်လို့ အမေရိကန်က ထုတ်ဖော်ပြောကြားထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ဖို့ ပြင်ဆင်နေပြီး ကာ့စ်မြို့အနီး အင်အား ၈၀၀၀ ရောက်ရှိနေတယ်လို့ မနေ့က ထုတ်ဖော် ပြောဆိုထားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက်သံအမတ်ကြီး ရောဘတ်ဝုဒ်ကလည်း ကုလသမဂ္ဂ အစည်းအဝေးတွင် ယူကရိန်းနဲ့ ရုရှားစစ်ပွဲမှာ မြောက်ကိုရီးယား ပါဝင်တာဟာ စစ်ပွဲကို ပိုမိုကျယ်ပြန့်စေတဲ့ လုပ်ရပ်လို့ သတိပေးထားပါတယ်။ မြောက်ကိုရီးယားတပ်တွေကိစ္စနဲ့ ပတ်သက်ပြီး ရုရှားဘက်က ထုတ်ပြောထားတာ မရှိသေးပါ။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၈၀၀၀ ရုရှား ကာ့စ်မြို့အနီး တပ်စွဲထားပြီး ယူကရိန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေ Read More »

465128945_584476747490274_5614026237926631778_n.jpg

စပိန်နိုင်ငံ ရေကြီးမှု သေဆုံးသူ ၁၅၈ ဦးအထိ မြင့်တက်

စပိန်နိုင်ငံသည် အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကိုခံနေရပြီး အနည်းဆုံး လူ ၁၅၈ ဦး သေဆုံးကာ ဒါဇင်နဲ့ချီတဲ့ လူပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဗလင်စီယာမြို့အနီး ဗုဒ္ဓဟူးနေ့က ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ တစ်နှစ်ပတ်လုံးရွာသွန်မှုထက် ပိုခဲ့ပြီး ရုတ်တရက်ဆိုသလို ရေကြီးရေလျှံမှုများ ဖြစ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။ လတ်တလော သေဆုံးသူ ၁၅၀ကျော်ရဲ့ အချက်အလက်တွေကို အတည်ပြုနိုင်ပြီး ရာနဲ့ချီပျောက်ဆုံးမှုတွေလည်း ရှိနေကာ ရေလွှမ်းမိုးမှုကြောင့် အရေးအပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာတွက် အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။ စပိန်ဝန်ကြီးချုပ် Pedro Sánchez က အရေးပေါ်အခြေအနေ မပြီးဆုံးသေးကြောင်း ရေဘေးသင့် ဒေသများက ဒေသခံများကို အိမ်မှာပဲနေဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ စပိန်နိုင်ငံတွင် မိုးသွန်းမှုတွေ ထပ်မံဖြစ်လာနိုင်တာမို့ ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်တွေ

စပိန်နိုင်ငံ ရေကြီးမှု သေဆုံးသူ ၁၅၈ ဦးအထိ မြင့်တက် Read More »

465121061_584372384167377_9149622652800088837_n.jpg

ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့ နိုင်ငံစာရင်းတွင် မြန်မာ ဆက်လက် ပါဝင်နေ

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် (USCIRF) အဖွဲ့ရဲ့ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်အထိ ဘာသာရေးလွတ်လပ်ခွင့် ဆက်လက်ဆိုးရွားနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီ အာဏာတည်မြဲဖို့ ဘာသာရေး ခေါင်းဆောင်​တွေကို ဖမ်းဆီးတာ သာသနိကအဆောက်အအုံတွေကို ပစ်မှတ်ထား ဖျက်ဆီးတာတွေက မတူကွဲဲပြားတဲ့ လူမှုအသိုင်းအဝိုင်းကြားမှာ တင်းမာမှုတွေ ပိုတိုးလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်တွင်းစစ်ကြောင့် ပြည်သူ ၃ သန်းကျော် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသလို ပြည်ပနိုင်ငံတွေဆီ ထွက်ပြေး ခိုလုံနေရသူတွေလည်း အများအပြားရှိနေကြောင်း၊ စိန်ခေါ်မှုတွေကြားထဲက မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းအတွင်း ဘာသာရေး အကြမ်းဖက်မှုတွေ ဆက်လက်ရင်ဆိုင်နေရတယ်လို့ USCIRF ထောက်ပြထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ ယခုနှစ် မေလကနေ ဩဂုတ်လအထိ လေကြောင်းတိုက်ခိုက်မှုအတွင်းအရပ်သားပြည်သူ ၄၅၅ ဦးသေဆုံးခဲ့ကာ ၈၁၉

ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့ နိုင်ငံစာရင်းတွင် မြန်မာ ဆက်လက် ပါဝင်နေ Read More »

464957258_584334817504467_8943399868846773475_n.jpg

အစ္စရေးနဲ့ လက်ဘနွန်တို့ရဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု တိုးတက်နေပြီလို့ ဆို

လက်ရှိပဋိပက္ခကို အဆုံးသတ်ပြီး ကုလသမဂ္ဂဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် အစ္စရေးနဲ့ လက်ဘနွန်တို့ နားလည်မှု ရလုနီးပါးဖြစ်နေပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့တယ်လို့ နိုင်ငံတကာသတင်းစာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို နှစ်ဦးနှစ်ဖက် နားလည်ပြီး အပစ်အခတ်ရပ်စဲရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာက တိုးတက်နေပြီလို့ ဘလင်ကန်က ဝါရှင်တန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်က အရှေ့အလယ်ပိုင်းခရီးစဉ်ရဲ့ အကျိုးရလဒ်အရ အနည်းငယ် ဖြည့်စွက် လုပ်ဆောင်စရာ ကျန်ရှိနေလည်း အပစ်အခတ်ရပ်စဲရေး အပါအဝင် သံတမန်ရေးရာ ပြေလည်မှုရဖို့အတွက် အလွန်နီးစပ်နေပြီလို့ ဘလင်ကန်က ဆိုပါတယ်။ ဂါဇာကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပါဝင်တဲ့ ကုန်တင်ကားတွေကို ဝင်ခွင့်ပြုဖို့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တိုးတက်မှုနဲ့အတူ အရေးကြီးတယ်လို့လည်း

အစ္စရေးနဲ့ လက်ဘနွန်တို့ရဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု တိုးတက်နေပြီလို့ ဆို Read More »

465036588_584217910849491_3595514088632081093_n-1.jpg

လူကုန်ကူးသူတွေ စွန့်ပစ်သွားတဲ့ ရိုဟင်ဂျာ ၁၀၀ နီးပါး အင်ဒိုနီးရှား အာချေးကမ်းခြေ ရောက်လာ

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း အာချေးပြည်နယ်ကမ်းခြေကို အောက်တိုဘာလ ၃၁ ရက်နေ့ မနေ့က လူကုန်ကူးသူတွေစွန့်ပစ်သွားတဲ့ ရိုဟင်ဂျာ ၁၀၀ နီးပါးပါ စက်လှေတစ်စီး ရောက်ရှိလာတယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။ အဆိုပါ ရိုဟင်ဂျာစက်လှေကို အာချေးပြည်နယ် ဆူမတြာကမ်းခြေအနီးရှိ အင်ဒိုနီးရှား တံငါသည်တွေက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လူကုန်ကူးသမားတွေက လှေနဲ့အတူ ရိုဟင်ဂျာတွေကို ပင်လယ်ထဲ စွန့်ပစ်ထားခဲ့တာဖြစ်ကြောင်း လှေပေါ်တွင် အလောင်း ၆ လောင်းနဲ့ နာမကျန်းဖြစ်နေသူများ ကလေးသူငယ်များလည်း ပါဝင်တယ်လို့ တံငါသည်တွေကို ကိုးကားပြီး အင်ဒိုနီးရှားပြည်တွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ အင်ဒိုနီရှားအာဏာပိုင်တွေက စက်လှေကို ကမ်းကပ်ခွင့်ပြုပြီး လှေပေါ်ပါသူတွေကို အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေကာ ဒုက္ခသည်တွေကို လက်ခံထားဖို့နဲ့ ဆက်စပ်ပြီး အာဏာပိုင်တွေဘက်က ပြောထားတာ မရှိသေးဘူးလို့ အင်ဒိုနီးရှားပြည်တွင်းသတင်းတွေက ဆိုပါတယ်။ အာချေးပြည်နယ်က ဒေသခံအင်ဒိုနီးရှားတွေဟာ

လူကုန်ကူးသူတွေ စွန့်ပစ်သွားတဲ့ ရိုဟင်ဂျာ ၁၀၀ နီးပါး အင်ဒိုနီးရှား အာချေးကမ်းခြေ ရောက်လာ Read More »

465166209_583831050888177_3753502611856779973_n.jpg

ဘင်္ဂလားဒေရှ့်ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင်

ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကောဇ့်ဘဇားခရိုင်အတွင်းက Camp 26 – (Block-C) ၊ မူးဆိုနိ (နော်ယာဖာရာ) ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် အောက်တိုဘာလ ၃၁ရက်နေ့ ဒီကနေ့ နေ့လယ် ၃:၃၀ အချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ ကော့ဘဇားခရိုင် ဒုက္ခသည်စခန်းရှိ AEN သတင်းအရင်းအမြစ်က ပြောပါတယ်။ ဆိုင်ခန်းတစ်ခန်းကနေ ပေါ့ဆမီးကြောင့် လောင်ကျွမ်းခဲ့တဲ့ မီးလောင်ကျွမ်းမှုအတွင်း အစ္စလာမ်ဝတ်ပြုကျောင်းဗလီအပါအဝင် ဆိုင်ခန်း ၆ ခန်း နေအိမ် ၃ လုံး မီးလောင်ပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။

ဘင်္ဂလားဒေရှ့်ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင် Read More »

465274845_583837844220831_2200286901657551977_n.jpg

ခေါပုတ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား ရရှိ

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ အဆိုပါစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားဟာ အောက်တိုဘာလ ၂၉ ရက်နေ့မှာ စခန်းစွန့်ခွါထွက်ပြေးသွားတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒီနေ့ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းမှာ အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၆ ဦးကို အရှင်ဖမ်းဆီးရမိထားတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) တပ်ဖွဲ့ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။ ထိုစခန်းမှာ ထိုင်း-မြန်မာနယ်စပ်ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

ခေါပုတ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား ရရှိ Read More »

Scroll to Top