AEN-News Team

465058139_583835740887708_2542140941463330396_n.jpg

မြန်မာ့ရုပ်ရှင်တွေထဲ အိန္ဒိယနွယ်ဖွား ဟိန္ဒူတွေအပေါ် လှောင်ပြောင်တာကို ဝေဖန်ခဲ့တဲ့ ကိုရှိုင်းထက်အောင် ဖမ်းဆီးခံနေရ

မြန်မာ့ရုပ်ရှင်တွေထဲ အိန္ဒိယနွယ်ဖွား ဟိန္ဒူတွေအပေါ် လှောင်ပြောင်တာကို ဝေဖန်ခဲ့ပြီးနောက် ပျောက်ဆုံးနေတဲ့ ကိုရှိုင်းထက်အောင်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးထားပြီး မကြာခင် ရုံတင်ပြတော့မယ့် ” ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီးရုပ်ရှင်ကား ” မြန်မာရုပ်ရှင်ဇာတ်ကားထဲ အိန္ဒိယနွယ်ဝင်တွေရဲ့ လူမျိုးနဲ့ ယဉ်ကျေးမှုကို ချိုးနှိမ်တယ်လို့ ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာကနေ ဝေဖန်ခဲ့တဲ့ အိန္ဒိယနွယ်ဖွား ကိုရှိုင်းထက်အောင် (ခ) ဟာဆယ်ယွန်ဟာ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းကနေ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်ကာပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ထုတ်ဖော် ပြောဆိုထားပါတယ်။ Her Sal Yon (Ko King) အမည်နဲ့ ဖေ့ဘုတ်သုံးစွဲနေသူအကောင့်ပိုင်ရှင် ကိုရှိုင်းထက်အောင်(ခ)ဗွီးထက်ကူးမားကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရေးအတွက် လူမှုကွန်ရက်စာမျက်နှာကနေ တစ်ဆင့် လှုံ့ဆော်ဝါဒဖြန့်တာကြောင့် လှိုင်မြို့မ ရဲစခန်းက အမှုဖွင့် ဖမ်းဆီးထားတာလို့

မြန်မာ့ရုပ်ရှင်တွေထဲ အိန္ဒိယနွယ်ဖွား ဟိန္ဒူတွေအပေါ် လှောင်ပြောင်တာကို ဝေဖန်ခဲ့တဲ့ ကိုရှိုင်းထက်အောင် ဖမ်းဆီးခံနေရ Read More »

465164960_583832707554678_4742812300485104605_n-1.jpg

အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ အထိနာနေ

AA ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ-အမ်း) ကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများစွာနဲ့အတူ အထိနာနေတယ်လို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ရုံးထိုင်ပြီး ရခိုင်ပြည်နယ်အတွင်းက စစ်ဆင်ရေးတွေကို အမိန့်ပေးညွှန်ကြားနေတဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းကိုယ်တိုင် နပခ-အမ်းကနေ ထွက်ပြေးသွားပြီလို့ သိရပါတယ်။ နပခ-အမ်းကနေ ဗိုလ်မှူးချုပ် သောင်းထွန်း စီးနင်းသွားတဲ့ စစ်ရဟတ်ယာဉ်ကိုလည်း AA ဘက်က ပစ်ခတ်ခဲ့တာရှိတယ်လို့ သတင်းတွေထွက်ပေါ်ပေမယ့် AA ဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဖရိုဖရဲဖြစ်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မကြာတော့တဲ့အချိန်အတွင်း AA က အလုံးစုံသိမ်းပိုက်နိုင်တော့မယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ ကဇုကိုင်း တောဟိန်းတောင်ဗျူဟာစခန်းကို AA သိမ်းပိုက်ပြီးကတည်းက နပခ-အမ်း အခြေအနေ မဟန်တော့တာလို့

အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ အထိနာနေ Read More »

464958262_583061874298428_5529096209323067575_n-1.jpg

လစ်လပ်နေတဲ့ ဟဇ်ဘိုလာခေါင်းဆောင်နေရာကို Naim Qassem ဆက်ခံ

ခေါင်းဆောင် Hassan Nasrallah လုပ်ကြံခံရပြီးနောက်ပိုင်း ဟဇ်ဘိုလာတို့က လစ်လပ်နေတဲ့ သူတို့ခေါင်းဆောင်နေရာကို Naim Qassem ကို ရွေးချယ်တင်မြှောက်လိုက်တယ်လို့ ဟဇ်ဘိုလာဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။ ဟဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah ကို အစ္စရေးက လုပ်ကြံသတ်ဖြတ်ခဲ့သလို Nasrallah ရဲ့နေရာဆက်ခံမယ့်သူ Hashem Safieddine ကိုလည်း ဘေရွတ်မှာလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သတ်ဖြတ်နိုင်ခဲ့တယ်လို့ အစ္စရေးဘက်က ပြောထားပါတယ်။ ယခု ခေါင်းဆောင်သစ်ဖြစ်လာတဲ့ Naim Qassem ကိုလည်း သတ်ဖြတ်မယ်လို့ အစ္စရေးကာကွယ်ဝန်ကြီးဂါလန်က X လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဟဇ်ဘိုလာ ခေါင်းဆောင်သစ်ဖြစ်လာတဲ့ Naim Qassem ဆိုသူသည် ထိတ်တန်းခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပြီး Nasrallah လက်ထက်ကတည်းက ဒုတိယနေရာကနေ တာဝန်ယူနေရသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

လစ်လပ်နေတဲ့ ဟဇ်ဘိုလာခေါင်းဆောင်နေရာကို Naim Qassem ဆက်ခံ Read More »

465057418_582897514314864_3211095392432780713_n.jpg

စစ်ကောင်စီနဲ့ ပေါင်းပြီး ကျားဖြန့်လုပ်နေတဲ့ စောချစ်သူ၊ မုတ်သုံနဲ့ တင်ဝင်တို့ ၃ ဦးကို ဥရောပ သမဂ္ဂ(အီးယူ) ဗြိတိန်နဲ့ ကနေဒါတို့က အရေးယူ ပိတ်ဆို့

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး မုတ်သုံ၊ ဗိုလ်မှူးတင်ဝင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်မှု၊ လူကုန်ကူးမှု၊ အွန်လိုင်း ကျားဖြန့် ငွေလိမ်လည်မှု၊ စစ်ကောင်စီအတွက် တပ်သားအသစ် စုဆောင်းပေးမှုနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့အတွက် ဥရောပသမဂ္ဂ(အီးယူ) ဗြိတိန်နဲ့ ကနေဒါတို့က အရေးယူ ပိတ်ဆို့လိုက်တယ်လို့ ထုတ်ပြန်ချက်တွေထဲ ဖော်ပြထားပါတယ်။ စောချစ်သူဟာ ချစ်လင်းမြိုင်အမည်နဲ့ ကုမ္ပဏီကို ပိုင်ဆိုင်ပြီး ထိုင်း မြန်မာနယ်စပ်က ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအတွက် လူကုန်ကူးမှုနဲ့ ငွေကြေးခဝါချမှုတွေကို လုပ်ကိုင်ပေးနေတာလို့ သိရပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့နဲ့ ထိုင်းနယ်စပ်အနီးက ရွှေကုက္ကိုဒေသကို ထိန်းချုပ်ထားတဲ့ စောချစ်သူတို့ ကရင်နယ်ခြားစောင့်အုပ်စုဟာ စစ်ကောင်စီရဲ့ အပေါင်းအပါတွေဖြစ်သလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုတွေကြောင့် အခုလို ပိတ်ဆို့ရတာလို့ ဥရောပသမဂ္ဂ(အီးယူ)

စစ်ကောင်စီနဲ့ ပေါင်းပြီး ကျားဖြန့်လုပ်နေတဲ့ စောချစ်သူ၊ မုတ်သုံနဲ့ တင်ဝင်တို့ ၃ ဦးကို ဥရောပ သမဂ္ဂ(အီးယူ) ဗြိတိန်နဲ့ ကနေဒါတို့က အရေးယူ ပိတ်ဆို့ Read More »

465141594_582864180984864_4875376193759808817_n.jpg

စစ်ကောင်စီအတွက် လေယာဉ်ဆီ ဝယ်ယူလို့ရအောင် လုပ်ပေးနေတဲ့ ကုမ္ပဏီ (၅)ခုကို ယူကေအရေးယူ

စစ်ကောင်စီအတွက် လေယာဉ်လောင်စာဆီ ဝယ်ယူလို့ရအောင် လုပ်ပေးနေတဲ့ ကုမ္ပဏီ (၅)ခုကို ယူကေအစိုးရက အရေးယူ ပိတ်ဆိုလိုက်တယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့ မနေ့က ထုတ်ပြန်ကြေညာထားပါ။ (1) Rich Ray Trading Company Limited (2) Progress Technology Support Company Limited (a.k.a Royal Shune Lei) (3) Asia Sun Group Company Limited (4) Swan Energy Company Limited (5) Myan-Oil Company Limited. စတဲ့ ကုမ္ပဏီ ၅ ခုလို့ သိရပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းး နိုင်ငံတဝှမ်း ၁၅၃

စစ်ကောင်စီအတွက် လေယာဉ်ဆီ ဝယ်ယူလို့ရအောင် လုပ်ပေးနေတဲ့ ကုမ္ပဏီ (၅)ခုကို ယူကေအရေးယူ Read More »

465041985_582836730987609_1973054321758060286_n-1.jpg

အစ္စရေးရဲ့ ဂါဇာရှိ လူနေအဆောက်အအုံပေါ် ဗုံးကြဲမှုတွင် ကလေး ၂၅ ဦးအပါအဝင် လူပေါင်း ၉၀ ကျော် သေဆုံး

အပစ်အခတ်ရပ်စဲပေးဖို့ အမေရိကန်အပါအဝင် နိုင်ငံအများစုက ပြောဆိုနေစဉ်မှာပဲ ဂါဇာက အဆောက်အအုံတွေကို အစ္စရေးက နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အရှေ့အလယ်ပိုင်းက သတင်းတွေအရ သိရပါတယ်။ အောက်တိုဘာလ ၂၉ရက်နေ့ မနေ့က ဂါဇာက ငါးထပ် လူနေအဆောက်အအုံကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၉၃ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြကြပါတယ်။ သေဆုံးသူ အရပ်သား ၉၃ ဦးထဲ ၂၅ ဦးဟာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေဖြစ်ပြီး ရာနဲ့ချီတဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရထားတယ်လို့ ပါလက်စတိုင်းကျန်းမာရေးဌာနက အတည်ပြုထားပါတယ်။ ဒါ့အပြင် အစ္စရေးဘက်က ငါးထပ်အဆောက်အအုံကို တိုက်ခိုက်ပြီးနောက် နာရီပိုင်းအကြာမှာပဲ အရပ်သားလူနေအိမ်တွေအပေါ် ဗုံးတွေကြဲခဲ့ရာ အနည်းဆုံး အရပ်သား ၁၉ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ အလ်ဂျာဇီယားသတင်းဌာနက ဖော်ပြထားပါတယ်။ အစ္စရေးရဲ့ ကလေးသူငယ်တွေနဲ့ အရပ်သားတွေ

အစ္စရေးရဲ့ ဂါဇာရှိ လူနေအဆောက်အအုံပေါ် ဗုံးကြဲမှုတွင် ကလေး ၂၅ ဦးအပါအဝင် လူပေါင်း ၉၀ ကျော် သေဆုံး Read More »

464873340_582784824326133_1497149963487952643_n.jpg

ထိုင်ဝမ်ကို စစ်လက်နက် ၂ ဘီလီယံဖိုး အမေရိကန်ရောင်းချ

ထိုင်ဝမ်ကို ဒေါ်လာ ၂ ဘီလျံတန်ကြေးရှိတဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်တွေနဲ့ အဆင့်မြင့် ရေဒါတွေ ရောင်းချဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်တယ်လို့ ပင်တဂွန် အရာရှိတွေက သတင်းမီဒီယာတွေကို ပြောပါတယ်။ ထိုင်ဝမ်ဟာ ဒေါ်လာ ၁.၁၆ ဘီလျံ တန်ကြေးရှိ NASAMS ဒုံးကျည်စနစ် ၃ စုံနဲ့ ဆက်စပ်ကိရိယာတွေကို မှာယူခဲ့တာဖြစ်ပြီး အားလုံးဝယ်ယူခွင့် ရရှိဖို့အတွက် အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ ယူကရိန်းမှာ စမ်းသပ် အသုံးပြုခဲ့တဲ့ အဆင့်မြင့် NASAMS ဒုံးကျည်တွေ ဖြစ်တဲ့ (National Advanced Surface-to-Air Missile Systems) နဲ့ AN/TPS-77 နဲ့ AN/TPS-78 အဆင့်မြင့် ရေဒါစနစ်တွေ ထိုင်ဝမ်ကို ပထမဆုံးအကြိမ် ပေးပို့သွားပြီး ထိုင်ဝမ်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးသွားမယ်လို့

ထိုင်ဝမ်ကို စစ်လက်နက် ၂ ဘီလီယံဖိုး အမေရိကန်ရောင်းချ Read More »

464796321_582349804369635_3448249387454031567_n.jpg

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ရှမ်းပြည်နယ်မှာ အများဆုံး ဖြစ်

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ရှမ်းပြည်နယ်မှာ အများဆုံး ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီက နိုင်ငံအနှံ့အပြားမှာ လေကြောင်းတိုက်ခိုက်မှု ၁၅၃ ကြိမ်ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်မှာ အများဆုံး ၃၇ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်တို့တွင် ၂၈ ကြိမ်စီနဲ့ ဒုတိယအများဆုံးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်ထဲတွင် စစ်ကောင်စီက လားရှိုးမြို့ကို အများဆုံး ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအားလုံးနီးပါးက အရပ်သားပြည်သူတွေရဲ့ ပိုင်ဆိုင်မှု ဖြစ်တယ်လို့ လားရှိုး အခြေစိုက် တော်လှန်ရေးအဖွဲ့တွေက ပြောထားပါတယ်။ စစ်ကောင်စီ လေကြောင်းတပ်က တိုက်ခိုက်လို့ ရှမ်းပြည်နယ်မှာ အရပ်သားပြည်သူ ၂၃၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၄၄၇ ဦးအထိ ရှိခဲ့ကာ နေအိမ်

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ရှမ်းပြည်နယ်မှာ အများဆုံး ဖြစ် Read More »

464958368_582183197719629_6960850505387625662_n.jpg

မြန်မာရုပ်ရှင်ဇာတ်ကားထဲ လူမျိုးရေးချိုးနှိမ်မှုတွေ ပါဝင်တယ်လို့ ဝေဖန်သူ ပျောက်ဆုံးနေ

ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးထားပြီး မကြာခင် ရုံတင်ပြတော့မယ့် ” ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီးရုပ်ရှင်ကား ” မြန်မာရုပ်ရှင်ဇာတ်ကားထဲ အိန္ဒိယနွယ်ဝင်တွေရဲ့ လူမျိုးနဲ့ ယဉ်ကျေးမှုကို ချိုးနှိမ်တယ်လို့ ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာကနေ ဝေဖန်ခဲ့တဲ့ အိန္ဒိယနွယ်ဖွား ကိုရှိုင်းထက်အောင် (ခ) ဟာဆယ်ယွန်ဟာ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းကနေ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်ကာပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ထုတ်ဖော် ပြောဆိုထားပါတယ်။ ” ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး ” ရုပ်ရှင်ကို ဖေ့ဘုတ်လူမှုကွန်ရက်မှာ ဝေဖန်ခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် အိန္ဒိယနွယ်ဖွား ကိုရှိုင်းထက်အောင် (ခ) ဟာဆယ်ယွန်ဟာ မရမ်းကုန်းမြို့နယ် ခဝဲခြံမျက်မမြင်ကျောင်းကို အသံလှူဖို့ ရောက်နေချိန် ဖုန်းပြောမယ်ဆိုပြီး ခဏအပြင်ထွက်သွားတာကနေ အရပ်ဝတ်နဲ့ လူနှစ်ယောက်က Town Ace အမျိုးအစား ကားအဖြူပေါ်ကို ဆွဲတင်သွားတယ်လို့

မြန်မာရုပ်ရှင်ဇာတ်ကားထဲ လူမျိုးရေးချိုးနှိမ်မှုတွေ ပါဝင်တယ်လို့ ဝေဖန်သူ ပျောက်ဆုံးနေ Read More »

464835202_581608184443797_765503305029345975_n.jpg

ဘူးသီးတောင် ရိုဟင်ဂျာအသိုင်းအဝိုင်းရဲ့ ရပ်မိရပ်ဖ ကျောင်းဆရာတစ်ဦးကို AA က မတရားသဖြင့် ဖမ်းထားတယ်လို့ ဆို

ဆရာဦးလှအောင်ဟာ ကျောင်းဆရာတစ်ဦးဖြစ်ပြီး အထက်တန်း ကျောင်းသားများကို လူမျိုးဘာသာမရွေး မြန်မာစာဘာသာရပ် သင်ကြားပေးနေသူလို့ သိရပါတယ်။ ပရဟိတအလုပ်တွေနဲ့ ပညာရေးကဏ္ဍတွေမှာ အားတက်သရော လုပ်ကိုင်လို့ ဆရာဦးလှအောင်ကို ရိုဟင်ဂျာတွေအပြင် ဘူးသီးတောင်မြို့နယ်အတွင်းက ဒေသခံအများစုကပါ လေးစားကြတယ်လို့ ဆရာဦးလှအောင်ရဲ့ တပည့်တစ်ဦးက AEN ကို ပြောပါတယ်။ ” ဆရာဦးလှအောင်က လူအများလေးစားတဲ့ ကျောင်းဆရာတစ်ဦးပါ။ ARSA, RSO, ARA စတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေက သူတို့ကို မထောက်ခံလို့ဆိုပြီး ဆရာ့ကို ရန်ရှာခဲ့တာတောင်ရှိတယ်။ စစ်ကောင်စီဘက်နဲ့လည်း ဆရာက ကင်းကင်းရှင်းရှင်းရှိတဲ့သူ ဆရာဦးလှအောင် ဘယ်လိုလူမျိုးလဲဆိုတာ ဘူးသီးတောင်က ရခိုင်တွေလည်း သိပါတယ်၊ ဆရာ့တပည့် ရခိုင်တွေလည်း ရှိပါတယ်” လို့ ဆရာဦးလှအောင်တပည့် ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောပြပါတယ်။ ရက္ခိုင့်တပ်တော် AA က ကျောင်းဆရာဦးလှအောင်ကို အကြောင်းပြချက်တစ်စုံတစ်ရာမှ

ဘူးသီးတောင် ရိုဟင်ဂျာအသိုင်းအဝိုင်းရဲ့ ရပ်မိရပ်ဖ ကျောင်းဆရာတစ်ဦးကို AA က မတရားသဖြင့် ဖမ်းထားတယ်လို့ ဆို Read More »

Scroll to Top