AEN-News Team

464968520_581581811113101_6198131207896964514_n.jpg

မြဝတီကို စစ်ကူတက်လာတဲ့ စစ်ကောင်စီအောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၅၅၊ စကခ ၁၂၊ တပ်မ ၄၄ ​အောင်ဇေယျစစ်ကြောင်းကို အောက်တိုဘာ ၂၆ ရက်နေ့မှာ တောင်ပိုင်းစစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၂ ပူးပေါင်းထားတဲ့ တော်လှန်ရေးစစ်ကြောင်းက အာရှလမ်းမကြီးရဲ့ တစ်နေရာမှာ တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အသေအပျောက်များခဲ့ပြီး ကျည်ကာပြား ၈ ခု၊ လက်နက်ကြီးကျည်နဲ့ အခြား လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကူတပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ တောင်ပိုင်းစစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၂ ကော်ဘရာစစ်ကြောင်း ၁ ၊ ကော်ဘရာ စစ်ကြောင်း

မြဝတီကို စစ်ကူတက်လာတဲ့ စစ်ကောင်စီအောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက် Read More »

464719483_581538654450750_5974537265232113576_n-1.jpg

ယူကရိန်းကို တာဝေးပစ်လက်နက်တွေ ထုတ်ပေးပြီး ရုရှားကို တိုက်ခိုက်ဖို့ လုပ်ရင် အနောက်အုပ်စုကို လက်တုံ့ပြန်မယ်လို့ ပူတင် ပြော

အမေရိကန်နဲ့ ဥရောပမဟာမိတ် နေတိုးအုပ်စုက ယူကရိန်းကို တာဝေးပစ်လက်နက်တွေ ထုတ်ပေးပြီး ရုရှားနိုင်ငံတွင်းအထိ တိုက်ခိုက်ဖို့လုပ်ရင် အနောက်အုပ်စုနိုင်ငံတွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ ရုရှားသမ္မတ ပူတင်က ပြောဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံ အတွင်းပိုင်းအထိ တိုက်ခိုက်နိုင်တဲ့ အမေရိကန်လုပ် ATACMS နဲ့ ဗြိတိန်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ Storm Shadow ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ အတွက် ယူကရိန်းသမ္မတ ဇီလန်းစကီးက နေတိုးအုပ်စုဆီ တောင်းဆိုနေတာ လချီကြာမြင့်နေပြီ ဖြစ်ပါတယ်။ အနောက်အုပ်စုရဲ့ အကူအညီနဲ့ ယူကရိန်းက တာဝေးပစ်ဒုံးလက်နက်တွေနဲ့ ရုရှားကို တိုက်ခိုက်လာခဲ့ရင် ပြန်လည်တုံပြန်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို သူ့အနေနဲ့ အမိန့်ပေးထားပြီး ဖြစ်တယ်လို့ သမ္မတပူတင်က ​ပြောထားတာဖြစ်ပါတယ်။ ပူတင်က သူ့ရဲ့ သတိပေးချက်ကို အနောက်အုပ်စုက အလေးထားမယ်လို့ သူ့အနေနဲ့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့

ယူကရိန်းကို တာဝေးပစ်လက်နက်တွေ ထုတ်ပေးပြီး ရုရှားကို တိုက်ခိုက်ဖို့ လုပ်ရင် အနောက်အုပ်စုကို လက်တုံ့ပြန်မယ်လို့ ပူတင် ပြော Read More »

465014057_581479451123337_4522581745680149533_n.jpg

ပဲခူးနဲ့ ပခုက္ကူက စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးတပ်ပေါင်းစု တိုက်ခိုက်

အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ သုံးရက်တာ ကာလအတွင်း ပဲခူးတိုင်း ပဲနွယ်ကုန်း၊ ကျောက်ကြီးနဲ့ တောင်ငူမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ တောင်ပိုင်းတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါမြို့နယ် သုံးခုအတွင်းက စစ်ကောင်စီရဲ့ အမာခံစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ KNLA တပ်ရင်း ၉ ဒရုန်းအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အလားတူ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီကနေ မွန်းတည့် ၁၂ နာရီအချိန်ထိ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တင်းဂတ်ရွာက အများပြည်သူကို မတရားဆက်ကြေးကောက် ဖမ်းဆီးနှိပ်စက် အနိုင်ကျင့်ဗိုလ်ကျနေတဲ့ ပျူစောထီးဂိတ်ကို ဒရုန်းနဲ့ ဖျက်အားပြင်း ဗုံး

ပဲခူးနဲ့ ပခုက္ကူက စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးတပ်ပေါင်းစု တိုက်ခိုက် Read More »

464783785_581396411131641_4026903285110138857_n-1.jpg

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အညာဒေသမှာ အခြေချဖို့ ပြင်ဆင်နေ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အညာဒေသမှာ အခြေချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခက “ပြည်သူတွေကို အသိပေးချင်တာတခုက BPLA ဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။” လို့ သူ့ရဲ့ ဖေ့ဘုတ်လူမှုကွန်ရက် စာမျက်နှာကနေ အသိပေးထားပါတယ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကို ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်ကြွလှုပ်ရှားခဲ့ ကဗျာဆရာ မောင်ဆောင်းခ အပါအဝင် ၁၇ဦးက ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း၊ ဒုတိယပိုင်းတို့မှာ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူတူပါဝင်ခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အညာဒေသမှာ အခြေချဖို့ ပြင်ဆင်နေ Read More »

464783785_581396411131641_4026903285110138857_n.jpg

၁၀၂၇ စစ်ဆင်ရေးကာလ တစ်နှစ်အတွင်း TNLA က စစ်ကောင်စီတပ်စခန်း ၁၅၀ ကျော်နဲ့ မြို့ပေါင်း ၁၂ မြို့ သိမ်းပိုက်ထိန်းချုပ်ထား

ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးကာလ တစ်နှစ်တာအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၅၀ ကျော်နဲ့ မြို့ပေါင်း ၁၂ မြို့ကို တအာင်းတပ်မတော် TNLA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ TNLA သတင်းထုတ်ပြန်ရေး ထုတ်ပြန်ချက်အရ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ စတင်ခဲ့ပြီး တစ်နှစ်တာ ကာလအတွင်းမှာ အဖက်ဖက်က ပူးပေါင်းလုပ်ဆောင်မှုတွေနဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်းတွေ အပါအဝင် တပ် စခန်းပေါင်း ၁၅၀ ကျော်နဲ့ မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တာအတွင်း နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊

၁၀၂၇ စစ်ဆင်ရေးကာလ တစ်နှစ်အတွင်း TNLA က စစ်ကောင်စီတပ်စခန်း ၁၅၀ ကျော်နဲ့ မြို့ပေါင်း ၁၂ မြို့ သိမ်းပိုက်ထိန်းချုပ်ထား Read More »

464623852_581380601133222_3366390398180694696_n.jpg

အီဂျစ်က ဂါဇာမှာ နှစ်ရက်ကြာ အပစ်ရပ်ဖို့ အဆိုပြု

အီဂျစ်နိုင်ငံက ဂါဇာကမ်းမြောင်ဒေသအတွင်း နှစ်ရက်ကြာ အပစ်အခတ်ရပ်စဲဖို့ အဆိုပြုခဲ့ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား အပြန်အလှန် သုံ့ပန်း လဲလှယ်ဖို့ကိုပါ တိုက်တွန်းထားတယ်လို့ အီဂျစ်အစိုးရအာဘော် ရုပ်မြင်သံကြားကနေ ဖော်ပြထားပါတယ်။ ပါလက်စတိုင်းအကျဉ်းသားအချို့နဲ့ အစ္စရေး ဓားစာခံလေးဦး လဲလှယ်ဖို့ ဂါဇာမှာ နှစ်ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်စီစီ က အဆိုပြုခဲ့တာလို့ သိရပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသ နဲ့ လက်ဘနွန်မှာ သုံးရက်အတွင်း လူ ၇၀ ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ အရှေ့အလယ်အပိုင်းက သတင်းတွေအရ သိရပါတယ်။ အီဂျစ်ရဲ့အဆိုပြုချက်ကို လက်ခံပြီး အစ္စရေး ပါလက်စတိုင်း နှစ်ရက်ကြာ အပစ်အခတ်ရပ်စဲခဲ့လို့ရှိရင် ထိ​ရောက်တဲ့ ကယ်ဆယ်ရေးနဲ့

အီဂျစ်က ဂါဇာမှာ နှစ်ရက်ကြာ အပစ်ရပ်ဖို့ အဆိုပြု Read More »

464318213_580881201183162_4389819133202999052_n.jpg

AA ဖမ်းထားတာ ရိုဟင်ဂျာ စစ်ဘေးရှောင် ၈၀ ကျော် အခြေအနေ စိုးရိမ်နေရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် စစ်ဘေးရှောင်ဖို့ နတ်မြစ်ကို ဖြတ်ကူးကြတဲ့ မောင်တောဒေသခံ ရိုဟင်ဂျာတွေထဲ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ကမ်းကပ်ဖို့ မပေးလို့ လှည့်ပြန်လာကြသူ​ ရိုဟင်ဂျာ ၈၃ ဦးကို ရက္ခိုင့်တပ်တော် AA က အောက်တိုဘာလ ၁၁ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ထားရာ ယနေ့အထိ ပြန်မလွှတ်သေးဘူးလို့ ဒေသခံ ရိုဟင်ဂျာအသိုင်းအဝိုင်းက AEN ကို ပြောပါတယ်။ AA က စစ်ဘေးရှောင်ရိုဟင်ဂျာတွေကို မောင်တောမြို့နယ် မင်္ဂလာကြီးပြင်ဖြူကင်းစခန်းနဲ့ ပေါင်းဇားကင်းစခန်းစတဲ့ နေရာတွေမှာ ချုပ်နှောင်ထားတယ်လို့ သတင်းရရှိပါတယ်။ AA ဖမ်းထားတဲ့ စစ်ဘေးရှောင်ရိုဟင်ဂျာတွေထဲ မောင်လာနာဟာမိတ်ဆိုတဲ့ အသက် ၇၀ ကျော်အရွယ်ရှိ မောင်တောဒေသခံ အစ္စလာမ်ဘာသာရေးပညာရှင် လူသိများသူလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ” ဆရာကြီးဟာမိတ်က အရင်ကတည်းက ကျန်းမာရေးမကောင်းတဲ့သူပါ။ ဆရာဝန်ပြဖို့ ဆေးကုဖို့

AA ဖမ်းထားတာ ရိုဟင်ဂျာ စစ်ဘေးရှောင် ၈၀ ကျော် အခြေအနေ စိုးရိမ်နေရ Read More »

464442185_580778054526810_9053421159952976264_n.jpg

အစ္စရေးရဲ့ တိုက်ခိုက်မှုနောက်ကွယ်မှာ အမေရိကန် ပါဝင်ပတ်သက်နေတယ်လို့ အီရန်ပြော

အစ္စရေးရဲ့ တိုက်ခိုက်မှုနောက်ကွယ်မှာ အမေရိကန် ပါဝင်ပတ်သက်နေတယ်လို့ အီရန်ဘက်က ပြောဆိုထားပါတယ်။ အစ္စရေးတိုက်လေယာဉ်တွေက အီရတ်လေပိုင်နက်ကနေ ပျံသန်းဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် နောက်ကွယ်မှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှု ရှိနေတာကို ငြင်းမရဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်က မနေ့က ပြောကြားခဲ့ပြီး အမေရိကန်ရဲ့လုပ်ရပ်ကို ပြစ်တင်ထားပါတယ်။ အမေရိကန်စစ်တပ်ရဲ့ ကွပ်ကဲထိန်းချုပ်မှုအောက်မှာရှိနေတဲ့ အီရတ်ဝေဟင်ပိုင်နက်ကို အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် အစ္စရေးကျူးလွန်တဲ့ ရာဇ၀တ်ထဲ အမေရိကန် ပါဝင်ပတ်သက်မှု အသေအချာရှိနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်အဖွဲ့က ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ အီရန်က အစ္စရေးကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဘက်က အီရန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေထဲ အီရန်နယ်စပ် မိုင် ၇၀ ခန့်အကွာမှာရှိတဲ့ အီရတ်လေပိုင်နက်ကို

အစ္စရေးရဲ့ တိုက်ခိုက်မှုနောက်ကွယ်မှာ အမေရိကန် ပါဝင်ပတ်သက်နေတယ်လို့ အီရန်ပြော Read More »

464683731_580699404534675_37209528850042392_n-1.jpg

၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်နေ့မှာ လောက်ကိုင်နဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီ ဗုံးကြဲ

၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်နေ့မှာ MNDAA ဌာနချုပ်ရှိတဲ့ လောက်ကိုင်မြို့ နဲ့ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့တွေကို‌ စစ်ကောင်စီက ဒီနေ့ အောက်တိုဘာ၂၇ရက် နံနက်ပိုင်းမှာ လေကြောင်းက​နေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ လောက်ကိုင်မြို့ကို အောက်တိုဘာ ၂၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက တိုက်လေယဥ်နဲ့ ၃ ကြိမ် ဗုံးကြဲခဲ့ပြီး စွမ်းဖုန်းချိန်ဧရိယာက ဟိုတယ်၊ စျေးဆိုင်တွေနဲ့ နေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့တဲ့အပြင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။ TNLA ထိန်းချုပ်မှုအောက်က နမ့်ခမ်းမြို့ကိုလည်း စစ်ကောင်စီက အောက်တိုဘာ ၂၇ ရက်နေ့ ဒီကနေ့ မနက် ၇ နာရီ ၃၅ မိနစ်မှာ

၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်နေ့မှာ လောက်ကိုင်နဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီ ဗုံးကြဲ Read More »

464593625_580117181259564_5831369280947599722_n.jpg

ပင်လယ်ထဲ မျောနေတဲ့ ရိုဟင်ဂျာတွေကို အင်ဒိုနီးရှား ကယ်တင်

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမြောက်ပိုင်း ဒေလီဆရ်ဒန်ဒေသရှိ လာဘူးကမ်းခြေ အာဏာပိုင်တွေက ပင်လယ်ထဲ မျောနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၅၂ ယောက်ကို ကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။ ရိုဟင်ဂျာတွေ တင်ဆောင်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားက ထွက်လာတဲ့ စက်လှေဟာ အောက်တိုဘာ ၁၇ ရက်နေ့မှာ အာချေးပြည်နယ် ရေပိုင်နက်အတွင်း ရောက်ရှိခဲ့ပြီး တပတ်ကြာ ပင်လယ်ထဲမျောနေရာက လာဘူးခရိုင်အာဏာပိုင်တွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ မနက် ၄:၀၀ ဝန်းကျင်က ကယ်ဆယ်ခဲ့ပြီး နေရာထိုင်ခင်း စီစဥ်ပေးထားတယ်လို့ တာဝန်ရှိသူတဦးက အင်ဒိုသတင်းဌာနတွေကို ပြောထားပါတယ်။ လာဘူးခရိုင်ယာယီတည်းခိုရေးစခန်းမှာ ရိုဟင်ဂျာ အမျိုးသမီး ၆၂ ဦး၊ အမျိုးသား ၇၀ ဦးနဲ့ ကလေး ၂၀

ပင်လယ်ထဲ မျောနေတဲ့ ရိုဟင်ဂျာတွေကို အင်ဒိုနီးရှား ကယ်တင် Read More »

Scroll to Top