AEN-News Team

AA က လုံခြုံရေးသင်တန်း ပေးမယ်ဆိုပြီး ခေါ်သွားခံရတဲ့ ရိုဟင်ဂျာ အများအပြား မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေ

AA က လုံခြုံရေးသင်တန်း ပေးမယ်ဆိုပြီး ခေါ်သွားခံရတဲ့ ရိုဟင်ဂျာ အများအပြား မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ရိုဟင်ဂျာ ကျေးရွာတွေကနေ AA တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးသင်တန်းပေးဖို့ ခေါ်သွားခံရတဲ့ ရိုဟင်ဂျာ အများအပြားဟာ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ကာယကံရှင်တွေရဲ့ မိသားစုဝင်တွေက AEN သတင်းဌာနကို ပြောပါတယ်။ မောင်တောမြို့ မြောက်ပိုင်း၊ ငန်းချောင်းကျေးရွာနေ ရိုဟင်ဂျာ ၃၀ဦးကို ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့က အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေကနေ လုံခြုံရေးသင်တန်း ပေးမယ်ဆိုကာ ခေါ်သွားခဲ့ပြီးနောက် မိသားစုဝင်တွေနဲ့ ယနေ့ထိ အဆက်အသွယ် မရတော့ဘူးလို့ သိရပါတယ်။ အလားတူ ဧပြီလ ၅ရက်နေ့က ခေါ်သွားတဲ့ ကြက်ရိုးပြင်ကျေးရွာသား ရိုဟင်ဂျာ ၁၁ဦး၊ မေလ ၈ရက်နေ့က

AA က လုံခြုံရေးသင်တန်း ပေးမယ်ဆိုပြီး ခေါ်သွားခံရတဲ့ ရိုဟင်ဂျာ အများအပြား မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေ Read More »

ဗျိုင်းဖြူရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ NUG ထုတ်ပြန်

ဗျိုင်းဖြူရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ NUG ထုတ်ပြန် ဗျိုင်းဖြူရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ တရားမျှတမှုပြန်လည် ရရှိနိုင်ရေး ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါ မည်သည့်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း NUG ထုတ်ပြန် အကြမ်းဖက်စစ်အုပ်စုက ဗျိုင်းဖြူရွာတွင် ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်ခံရသူများအားလုံးအတွက် တရားမျှတမှုပြန်လည် ရရှိနိုင်ရေး ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါအဝင် တရားမျှတမှုကို လိုလားသော မည်သည့်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ထုတ်ပြန်ထားပါသည်။ “၂၀၂၄ခုနှစ်၊ မေလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁) တပ်ဖွဲ့ဝင်များ၊ အခြားသောတပ်ရင်းအချို့ရှိ ထုတ်နုတ်အင်အားများနှင့် အခြားသော လက်နက်ကိုင်များ

ဗျိုင်းဖြူရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ NUG ထုတ်ပြန် Read More »

(၂)လအတွင်း စစ်ကောင်စီရဲ့ သတ်ဖြတ်တာ ခံရသူအရေအတွက်နဲ့ လေကြောင်းကနေ တိုက်ခိုက်တာ ခံရလို့ ကလေးသေဆုံးရသူ အရေအတွက်တို့မှာ ရခိုင်ပြည်နယ်က အများဆုံး ဖြစ်နေ

(၂)လအတွင်း စစ်ကောင်စီရဲ့ သတ်ဖြတ်တာ ခံရသူအရေအတွက်နဲ့ လေကြောင်းကနေ တိုက်ခိုက်တာ ခံရလို့ ကလေးသေဆုံးရသူ အရေအတွက်တို့မှာ ရခိုင်ပြည်နယ်က အများဆုံး ဖြစ်နေ စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးခဲ့ရသူ ၅၂၃၆ ဦးရဲ့ စာရင်း အတည်ပြုထားတယ်လို့ AAPP ပြော ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း စစ်ကောင်စီ လက်ချက်ကြောင့် အမျိုးသမီး (၇၄)ဦးနဲ့ အမျိုးသား (၁၈၂)ဦး စုစုပေါင်း (၂၅၆)ဦး သေဆုံးခဲ့တာကို အမည်စာရင်းနဲ့တကွ အတည်ပြုနိုင်ခဲ့ပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံရပြီးတဲ့နောက် သတ်ဖြတ်ခံရတဲ့ အမျိုးသမီး (၈)ဦးနဲ့ အမျိုးသား (၇၈)ဦး စုစုပေါင်း (၈၆)ဦး ရှိခဲ့ကာ ရခိုင်ပြည်နယ်က စစ်ကောင်စီရဲ့ သတ်ဖြတ်ခံရသူ (၄၈)ဦးဖြစ် သေဆုံးမှု အများဆုံးဖြစ်နေတယ်လို့ AAPP

(၂)လအတွင်း စစ်ကောင်စီရဲ့ သတ်ဖြတ်တာ ခံရသူအရေအတွက်နဲ့ လေကြောင်းကနေ တိုက်ခိုက်တာ ခံရလို့ ကလေးသေဆုံးရသူ အရေအတွက်တို့မှာ ရခိုင်ပြည်နယ်က အများဆုံး ဖြစ်နေ Read More »

ရခိုင်နှင့် စစ်ကိုင်းတိုင်းအပါ နိုင်ငံတစ်ဝှန်းတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ တိုးမြင့်လာမှုနှင့် အရပ်သားအများအပြား သေဆုံးမှုအပေါ် စိုးရိမ်ပူပန်

ရခိုင်နှင့် စစ်ကိုင်းတိုင်းအပါ နိုင်ငံတစ်ဝှန်းတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ တိုးမြင့်လာမှုနှင့် အရပ်သားအများအပြား သေဆုံးမှုအပေါ် စိုးရိမ်ပူပန် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရက်များအပေါ် ပြင်းထန်စွာ ရှုတ်ချ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း‌ဒေသကြီးအပါအဝင် မြန်မာနိုင်ငံတစ်ဝှန်းတွင် အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ တိုးမြင့်လာမှုနှင့် အရပ်သား အများအပြား သေဆုံးခဲ့မှုအပေါ် များစွာစိုးရိမ်ပူပန်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရက်များအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric မှ ပြောကြားလိုက်သည်။ မြန်မာနိုင်ငံအနောက်ခြမ်းရှိ ရခိုင်တိုင်းရင်းသားများကို ပစ်မှတ်ထားသည့် နောက်ဆုံးဖြစ်ရပ်နှင့် ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းသည် လူမှုအသိုင်းအဝိုင်းအားလုံး၏ အကာအကွယ်လိုအပ်မှုကို အလေးပေးပြောကြားခဲ့သည်။ စစ်ကောင်စီ၏ စည်းဘောင်မဲ့သော လေကြောင်းဗုန်းကြဲမှုများသည်လည်း မြန်မာပြည်နေရာအများအပြားတွင် ဖြစ်ပွါးလျက်ရှိကြောင်း သိရှိရပြီး ၎င်းကိစ္စရပ်များနှင့်ပတ်သတ်တဲ့တာဝန်ရှိသူများသည်မလွဲမသွေတာဝန်ယူဖြေရှင်းရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့်အညီ အရပ်သားများအား အကာအကွယ်ပေးရေးကို

ရခိုင်နှင့် စစ်ကိုင်းတိုင်းအပါ နိုင်ငံတစ်ဝှန်းတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ တိုးမြင့်လာမှုနှင့် အရပ်သားအများအပြား သေဆုံးမှုအပေါ် စိုးရိမ်ပူပန် Read More »

မောင်တော မြို့ဦးကျေးရွာ ဒရုန်းနဲ့ ဗုံးချခံရ ရွာခံ ၃ဦး ပြင်းပြင်း ထန်ထန် ဒဏ်ရာရ

မောင်တော မြို့ဦးကျေးရွာ ဒရုန်းနဲ့ ဗုံးချခံရ ရွာခံ ၃ဦး ပြင်းပြင်း ထန်ထန် ဒဏ်ရာရ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အီတလီယာအုပ်စု၊ မြို့ဥိီးကျေးရွာတွင် မနေ့ညက ဒရုန်းဗုံးချခံရပြီး ရိုဟင်ဂျာ ၃ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ မြို့ဦးကျေးရွာနေ ရိုဟင်ဂျာအသိုင်းအဝိုင်းက ပြောပါတယ်။ မြို့ဦးကျေးရွာ (ဟော့ရိတူလာရွာ) တွင် ဇွန်လ ၆ရက်နေ့ မနေ့က ည ၇နာရီကျော်ခန့် အချိန် ဒရုန်းဗုံးချခံရတာ ဖြစ်ပြီးတော့ ဗလီဘေးလမ်းက လမ်းသွားလမ်းလာ မြို့ဦးရွာခံ ရိုဟင်ဂျာ ၃ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။ ခြေထောက် ထိမှန်ထားသူ တစ်ဦးမှာ ခွဲစိတ်ကုသရန် လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ မြို့ဦးကျေးရွာပေါ် ဒရုန်းပျံသန်းပြီး ဗုံးချမှုနဲ့ ပတ်သက်ပြီး မည်သူမည်ဝါ လက်ချက် ဆိုတာကိုတော့ လောလောဆယ်

မောင်တော မြို့ဦးကျေးရွာ ဒရုန်းနဲ့ ဗုံးချခံရ ရွာခံ ၃ဦး ပြင်းပြင်း ထန်ထန် ဒဏ်ရာရ Read More »

ရိုဟင်ဂျာတွေနေရပ်ပြန်ရေးမှာ အကူအညီပေးဖို့ တရုတ်အထူးသံတမန်ကို ဘင်္ဂလားဒေရှ့် တိုက်တွန်း

ရိုဟင်ဂျာတွေနေရပ်ပြန်ရေးမှာ အကူအညီ ပေးဖို့ တရုတ်အထူးသံတမန်ကို ဘင်္ဂလားဒေရှ့် တိုက်တွန်း ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကောဇ့်ဘဇားခရိုင် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာတွေ အမြန်ဆုံးနေရပ်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရနဲ့ ပူးပေါင်းပြီး အဆင်ပြေတဲ့လမ်းကြောင်းဖန်တီးကာ အကူအညီပေးဖို့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် Deng Xijun ကို ဇွန်လ (၄) ရက်၊ င်္အဂါနေ့မှာ ကျင်းပတဲ့ ၁၃ ကြိမ်မြောက် နှစ်နိုင်ငံနိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ ကောဇ့်ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လူများပြားနေပြီး သေးငယ်တဲ့နေရာအတွင်း စီမံခန့်ခွဲဖို့ ခက်ခဲကြောင်း၊ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးမှာတက်ကြွစွာပါဝင်ပြီးလုပ်တာထက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုသာ အဓိကထား အာရုံစိုက်နေကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး Masud ကပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးစိုးရိမ်နေရတယ်လို့

ရိုဟင်ဂျာတွေနေရပ်ပြန်ရေးမှာ အကူအညီပေးဖို့ တရုတ်အထူးသံတမန်ကို ဘင်္ဂလားဒေရှ့် တိုက်တွန်း Read More »

စစ်ကောင်စီရဲ့ ကျောက်ပန္ဒူစခန်းကို AA သိမ်းပိုက်လိုက်ကြောင်း သတင်းများ ထွက်ပေါ်

စစ်ကောင်စီရဲ့ ကျောက်ပန္ဒူစခန်းကို AA သိမ်းပိုက်လိုက်ကြောင်း သတင်းများ ထွက်ပေါ် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်တော-အငူမော်လမ်းရှိ ကျောက်ပန္ဒူနယ်ခြားစောင့်စခန်းကို အာရက္ခတပ်တော် AA က ဒီကနေ့ ဇွန်လ (၃) ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မြေပြင်သတင်းအရင်းအမြစ်များက ကျောက်ပန္ဒူနယ်ခြားစောင့်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ AA တို့ကြား ယမန်နေ့ ဇွန်လ (၂)ရက်နေ့ ညပိုင်းကတည်းက ထိပ်တိုက် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ စခန်းကနေ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိတယ် သိရပါတယ်။ AA သိမ်းပိုက်ထားတဲ့ ကျောက်ပန္ဒူနယ်ခြားစောင့်စခန်း အနီးတဝိုက်ကိုလည်း စစ်ကောင်စီက လေကြောင်းကနေ တဆင့် ဗုံးကြဲ တိုက်ခိုက်မှုတွေကို ဒီကနေ့ ဇွန်လ (၃) ရက်နေ့ နံနက်ပိုင်းမှာ

စစ်ကောင်စီရဲ့ ကျောက်ပန္ဒူစခန်းကို AA သိမ်းပိုက်လိုက်ကြောင်း သတင်းများ ထွက်ပေါ် Read More »

လေးမိုင်၊ ဘဂုံးနားအုပ်စု သီဟိုဋ္ဌ်ခြံနဲ့ ရွှေတောင်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ အေအေတို့ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွါး

လေးမိုင်၊ ဘဂုံးနားအုပ်စု သီဟိုဋ္ဌ်ခြံနဲ့ ရွှေတောင်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ အေအေတို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွါး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်၊ ဘဂုံးနားအုပ်စု သီဟိုဋ္ဌ်ခြံနဲ့ ရွှေတောင်ကျေးရွာအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွါးနေတယ်လို့ သိရပါတယ်။ ဇွန် ၅ ရက်၊ ဒီကနေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က စတင်ပြီး လေးမိုင်ရပ်ကွက် ဘဂုံးနားအုပ်စု သီဟိုဋ္ဌ်ခြံနဲ့ ရွှေတောင်ကျေးရွာအနီးဝန်းကျင်မှာ တပြိုင်နက် စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ အာရက္ခတပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေပါတယ်။ ထို့အတူ လေးမိုင်ရပ်ကွက် သာယာကုန်းကျေးရွာအနီးမှာ ဇွန် ၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီရဲ့ လေးမိုင်အခြေစိုက်

လေးမိုင်၊ ဘဂုံးနားအုပ်စု သီဟိုဋ္ဌ်ခြံနဲ့ ရွှေတောင်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ အေအေတို့ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွါး Read More »

Scroll to Top