ULA/AA က ဘူးသီးတောင်ဒေသခံ ရိုဟင်ဂျာအသိုင်းအဝိုင်းကို ပိတ်ဆို့ ထိန်းချုပ်၊ အခြေခံ လူ့အခွင့်အရေးများပင် မရဘဲ ရှိနေ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကို စစ်ကောင်စီလက်ကနေ တိုက်ခိုက်သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားတွေ အကောင်အထည်ဖော်နေတဲ့ ULA/AA က ဒေသခံ ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် ပိတ်ဆို့ ထိန်းချုပ်မှုတွေကို ယခင်အဆက်ဆက် အာဏာပိုင်တွေထက် ပိုမိုပြင်းထန်စွာ လုပ်ဆောင်နေပြီးတော့ လူသားတစ်ဦးရသင့်ရထိုက်တဲ့ အခြေခံ လူ့အခွင့်အရေးများပင် ဆုံးရှုံးနေရတယ်လို့ AEN သတင်းဌာနက ဆက်သွယ်မေးမြန်းခွင့်ရတဲ့ ရိုဟင်ဂျာကျေးရွာတွေက ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေက ပြောပြပါတယ်။ ဟိုဘက်ဒီဖက် လှမ်းမြင်နေရတဲ့ ရွာတစ်ရွာနဲ့ တစ်ရွာ သွားဖို့ကိုတောင် AA ဆီကနေ ထောက်ခံစာယူရတယ်။ ထောက်ခံစာမပါပဲ သွားလာတာကို မိရင် AA တပ်ဖွဲ့ဝင်တွေက ရိုက်နှက်ထိုးကြိတ်တာတွေ လုပ်တယ်လို့ သူ့အဖေရှိတဲ့ တဖက်ရွာကို ထောက်ခံစာမပါပဲ သွားမိလို့ အရိုက်ခံရတဲ့ ရိုဟင်ဂျာတစ်ဦးက ပြောပြပါတယ်။ တစ်ရွာတည်းအတူနေ ရိုဟင်ဂျာတွေအနေနဲ့လည်း အိမ်တစ်အိမ်ကနေ တခြားအိမ်နီးနားချင်းအိမ်တစ်အိမ်မှာ ညဘက်ရှိနေတာကို AA […]