AA က လုံခြုံရေးသင်တန်း ပေးမယ်ဆိုပြီး ခေါ်သွားခံရတဲ့ ရိုဟင်ဂျာ အများအပြား မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေ
AA က လုံခြုံရေးသင်တန်း ပေးမယ်ဆိုပြီး ခေါ်သွားခံရတဲ့ ရိုဟင်ဂျာ အများအပြား မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ရိုဟင်ဂျာ ကျေးရွာတွေကနေ AA တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးသင်တန်းပေးဖို့ ခေါ်သွားခံရတဲ့ ရိုဟင်ဂျာ အများအပြားဟာ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ကာယကံရှင်တွေရဲ့ မိသားစုဝင်တွေက AEN သတင်းဌာနကို ပြောပါတယ်။ မောင်တောမြို့ မြောက်ပိုင်း၊ ငန်းချောင်းကျေးရွာနေ ရိုဟင်ဂျာ ၃၀ဦးကို ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့က အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေကနေ လုံခြုံရေးသင်တန်း ပေးမယ်ဆိုကာ ခေါ်သွားခဲ့ပြီးနောက် မိသားစုဝင်တွေနဲ့ ယနေ့ထိ အဆက်အသွယ် မရတော့ဘူးလို့ သိရပါတယ်။ အလားတူ ဧပြီလ ၅ရက်နေ့က ခေါ်သွားတဲ့ ကြက်ရိုးပြင်ကျေးရွာသား ရိုဟင်ဂျာ ၁၁ဦး၊ မေလ ၈ရက်နေ့က […]