မြန်မာ့ရုပ်ရှင်တွေထဲ အိန္ဒိယနွယ်ဖွား ဟိန္ဒူတွေအပေါ် လှောင်ပြောင်တာကို ဝေဖန်ခဲ့တဲ့ ကိုရှိုင်းထက်အောင် ဖမ်းဆီးခံနေရ
မြန်မာ့ရုပ်ရှင်တွေထဲ အိန္ဒိယနွယ်ဖွား ဟိန္ဒူတွေအပေါ် လှောင်ပြောင်တာကို ဝေဖန်ခဲ့ပြီးနောက် ပျောက်ဆုံးနေတဲ့ ကိုရှိုင်းထက်အောင်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးထားပြီး မကြာခင် ရုံတင်ပြတော့မယ့် ” ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီးရုပ်ရှင်ကား ” မြန်မာရုပ်ရှင်ဇာတ်ကားထဲ အိန္ဒိယနွယ်ဝင်တွေရဲ့ လူမျိုးနဲ့ ယဉ်ကျေးမှုကို ချိုးနှိမ်တယ်လို့ ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာကနေ ဝေဖန်ခဲ့တဲ့ အိန္ဒိယနွယ်ဖွား ကိုရှိုင်းထက်အောင် (ခ) ဟာဆယ်ယွန်ဟာ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းကနေ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်ကာပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ထုတ်ဖော် ပြောဆိုထားပါတယ်။ Her Sal Yon (Ko King) အမည်နဲ့ ဖေ့ဘုတ်သုံးစွဲနေသူအကောင့်ပိုင်ရှင် ကိုရှိုင်းထက်အောင်(ခ)ဗွီးထက်ကူးမားကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရေးအတွက် လူမှုကွန်ရက်စာမျက်နှာကနေ တစ်ဆင့် လှုံ့ဆော်ဝါဒဖြန့်တာကြောင့် လှိုင်မြို့မ ရဲစခန်းက အမှုဖွင့် ဖမ်းဆီးထားတာလို့ […]