မေးမြန်းခန်း

Your blog category

ဗျိုင်းဖြူရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ NUG ထုတ်ပြန်

ဗျိုင်းဖြူရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ NUG ထုတ်ပြန် ဗျိုင်းဖြူရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ တရားမျှတမှုပြန်လည် ရရှိနိုင်ရေး ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါ မည်သည့်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း NUG ထုတ်ပြန် အကြမ်းဖက်စစ်အုပ်စုက ဗျိုင်းဖြူရွာတွင် ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်ခံရသူများအားလုံးအတွက် တရားမျှတမှုပြန်လည် ရရှိနိုင်ရေး ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါအဝင် တရားမျှတမှုကို လိုလားသော မည်သည့်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ထုတ်ပြန်ထားပါသည်။ “၂၀၂၄ခုနှစ်၊ မေလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁) တပ်ဖွဲ့ဝင်များ၊ အခြားသောတပ်ရင်းအချို့ရှိ ထုတ်နုတ်အင်အားများနှင့် အခြားသော လက်နက်ကိုင်များ […]

ဗျိုင်းဖြူရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ NUG ထုတ်ပြန် Read More »

ရခိုင်နှင့် စစ်ကိုင်းတိုင်းအပါ နိုင်ငံတစ်ဝှန်းတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ တိုးမြင့်လာမှုနှင့် အရပ်သားအများအပြား သေဆုံးမှုအပေါ် စိုးရိမ်ပူပန်

ရခိုင်နှင့် စစ်ကိုင်းတိုင်းအပါ နိုင်ငံတစ်ဝှန်းတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ တိုးမြင့်လာမှုနှင့် အရပ်သားအများအပြား သေဆုံးမှုအပေါ် စိုးရိမ်ပူပန် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရက်များအပေါ် ပြင်းထန်စွာ ရှုတ်ချ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း‌ဒေသကြီးအပါအဝင် မြန်မာနိုင်ငံတစ်ဝှန်းတွင် အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ တိုးမြင့်လာမှုနှင့် အရပ်သား အများအပြား သေဆုံးခဲ့မှုအပေါ် များစွာစိုးရိမ်ပူပန်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရက်များအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric မှ ပြောကြားလိုက်သည်။ မြန်မာနိုင်ငံအနောက်ခြမ်းရှိ ရခိုင်တိုင်းရင်းသားများကို ပစ်မှတ်ထားသည့် နောက်ဆုံးဖြစ်ရပ်နှင့် ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းသည် လူမှုအသိုင်းအဝိုင်းအားလုံး၏ အကာအကွယ်လိုအပ်မှုကို အလေးပေးပြောကြားခဲ့သည်။ စစ်ကောင်စီ၏ စည်းဘောင်မဲ့သော လေကြောင်းဗုန်းကြဲမှုများသည်လည်း မြန်မာပြည်နေရာအများအပြားတွင် ဖြစ်ပွါးလျက်ရှိကြောင်း သိရှိရပြီး ၎င်းကိစ္စရပ်များနှင့်ပတ်သတ်တဲ့တာဝန်ရှိသူများသည်မလွဲမသွေတာဝန်ယူဖြေရှင်းရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့်အညီ အရပ်သားများအား အကာအကွယ်ပေးရေးကို

ရခိုင်နှင့် စစ်ကိုင်းတိုင်းအပါ နိုင်ငံတစ်ဝှန်းတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ တိုးမြင့်လာမှုနှင့် အရပ်သားအများအပြား သေဆုံးမှုအပေါ် စိုးရိမ်ပူပန် Read More »

ရိုဟင်ဂျာတွေနေရပ်ပြန်ရေးမှာ အကူအညီပေးဖို့ တရုတ်အထူးသံတမန်ကို ဘင်္ဂလားဒေရှ့် တိုက်တွန်း

ရိုဟင်ဂျာတွေနေရပ်ပြန်ရေးမှာ အကူအညီ ပေးဖို့ တရုတ်အထူးသံတမန်ကို ဘင်္ဂလားဒေရှ့် တိုက်တွန်း ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကောဇ့်ဘဇားခရိုင် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာတွေ အမြန်ဆုံးနေရပ်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရနဲ့ ပူးပေါင်းပြီး အဆင်ပြေတဲ့လမ်းကြောင်းဖန်တီးကာ အကူအညီပေးဖို့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် Deng Xijun ကို ဇွန်လ (၄) ရက်၊ င်္အဂါနေ့မှာ ကျင်းပတဲ့ ၁၃ ကြိမ်မြောက် နှစ်နိုင်ငံနိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ ကောဇ့်ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လူများပြားနေပြီး သေးငယ်တဲ့နေရာအတွင်း စီမံခန့်ခွဲဖို့ ခက်ခဲကြောင်း၊ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးမှာတက်ကြွစွာပါဝင်ပြီးလုပ်တာထက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုသာ အဓိကထား အာရုံစိုက်နေကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး Masud ကပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးစိုးရိမ်နေရတယ်လို့

ရိုဟင်ဂျာတွေနေရပ်ပြန်ရေးမှာ အကူအညီပေးဖို့ တရုတ်အထူးသံတမန်ကို ဘင်္ဂလားဒေရှ့် တိုက်တွန်း Read More »

Scroll to Top